တအာင်း - မြန်မာ - အင်္ဂလိပ် အဘိဓာန်
Ta'ang - Myanmar - English Dictionary
ဒေတာများ ရယူနေပါသည်...
အချက်အလက်များကို ရယူမရနိုင်ပါ
Local ဖိုင်မှ တိုက်ရိုက်ဖွင့်ပါက Data များမပေါ်နိုင်ပါ။ Server လိုအပ်ပါသည်။ (ဥပမာ - VS Code တွင် Live Server ဖြင့်ဖွင့်ပါ)
ကျပန်းစကားလုံး
အကြိုက်ဆုံး စကားလုံးများ
ရှာဖွေမှုမှတ်တမ်း
ဤအဘိဓာန် (တအာင်း၊ အင်္ဂလိပ်၊ မြန်မာ အဘိဓာန်) အကြောင်း
၁။ ရည်ရွယ်ချက် နှင့် နောက်ခံသမိုင်း
ဤအပလီကေးရှင်းသည် မိခင်တအာင်းဘာသာစကားတည်တံ့စေရန်၊ ထိန်းသိမ်းရန်၊ လွယ်ကူချောမွေ့လာရန်၊ ပြန့်ပွားရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။
တအာင်းမျိုးနွယ်စုတွင် မျိုးနွယ်စု (၆) စု ခွဲခြားသတ်မှတ်ထားပြီး ဘာသာစကား အနည်းငယ်စီ ကွဲပြားလျက်ရှိပါသည်။ ထိုအုပ်စုများထဲမှ တူညီသော ဝေါဟာရများကို ရွေးချယ်ပြီး တအာင်းရုံးသုံးစာ (ဘုံစာ၊ ဘုံစကား) အဖြစ် အသုံးပြုကြပါသည်။ ထို့ကြောင့် တအာင်းအဘိဓာန် ပြုလုပ်ရာတွင် အခြားဘာသာ အဘိဓာန်များထက် များစွာ ပိုမိုခက်ခဲလျက်ရှိပါသည်။ သို့သော် တအာင်းမျိုးနွယ်စု တစ်စုနှင့်တစ်စု ဆက်သွယ်ပြောဆိုရာတွင် လည်းကောင်း၊ တအာင်းရုံးဌာနများမှ ရုံးဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ပြည်သူလူထုများနှင့် တအာင်းစာပေဆရာများ အလွယ်တကူ ကိုးကားအသုံးပြုနိုင်ရန်လည်းကောင်း ရည်ရွယ်၍ ပြုစုထားခြင်း ဖြစ်ပါသည်။
ဤအဘိဓာန် ဖြစ်မြောက်ရန်အတွက် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းကပင် မိမိတို့ “ဖိုင်ဘော်,တအာင်း-တန်” တအာင်းစာပေအစီအစဉ် Ta'ang Literature Program အဖွဲ့မှ ဝေါဟာရများကို စတင်ရေးသား စုဆောင်းခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လတွင် ရေးသားပြီးစီးခဲ့သည်။ “မြန်မာ - တအာင်း (ကတူး၊ ရူခို၊ ရူစဲင်)” “ပလောင်-မြန်မာ အဘိဓာန်” ကို အခြေခံပြီး လိုအပ်သော တအာင်းမျိုးနွယ်စုဖြစ်သည့် ရူမဲင် ၊ ဒရယ်ရော့/ထိုရဲ ၊ ရူမဲင် တို့၏ ဝေါဟာရများကိုပါ ထည့်သွင်းဖြည့်စွက်ပြီး ရုံးသုံးဘာသာ ဝေါဟာရများကို ရွေးချယ်ပြုစုရေးသားခဲ့ပါသည်။
၂။ ဖန်တီးသူနှင့် ပံ့ပိုးကူညီသူများ
နည်းပညာနှင့် အပလီကေးရှင်း ဖန်တီးသူ: မိုင်းအနိုင် (ခ) မိုင်းထွန်းတင် မှ တာဝန်ယူ တည်ဆောက်ပေးပါသည်။
၃။ ဝေါဟာရများ စိစစ်ရွေးချယ်မှု
ဤအပလီကေးရှင်း ဖြစ်မြောက်ဖို့ရန်အတွက် တအာင်းရုံးသုံးဝေါဟာရများကို တာဆုံရီယိုမ် မှ ဦးဆောင်ပြီး မိမိတို့တအာင်းစာအဖွဲ့ (TLA) နှင့် ရုံးသုံးဝေါဟာရများ ရွေးချယ်ထည့်သွင်းထားပါသည်။
ရုံးသုံးဝေါဟာရများ ရှာဖွေရာတွင် မျိုးနွယ်စုများဖြစ်သည့် (1) ကတူးမျိုးနွယ်စု ၊ (2) (ရူမဲင်)ရူခိုမျိုးနွယ်စု ၊ (3) ( ရူခို)ရူခန် မျိုးနွယ်စု ၊ (4) (ဒရယ်ရော့/ထိုရဲ)ဒရယ်ရော့ နှင့် ထို(ရဲ)မျိုးနွယ်စု ၊ (5) (ရူစဲင်) ရူကျင်း မျိုးနွယ်စု နှင့် (6) (ရူမဲင်)ရူမောင်း(ဝဲ) အစရှိသည့် မျိုးနွယ်စု (၆) စုလုံး၏ ဝေါဟာရများကို ရှာဖွေစုဆောင်း ပြုစုခဲ့ပါသည်။ ထိုမှတစ်ဆင့် ရုံးသုံးစာအဖြစ် ရွေးချယ်ရန် သတ်မှတ်ထားသော မူ (၁၀) ချက် (မူဘောင် 10) နှင့်အညီ စိစစ်ပြီး အဘိဓာန်တွင် ရုံးသုံးဝေါဟာရအဖြစ် ရွေးချယ်ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
သို့သော် ဤအပလီကေးရှင်းထဲတွင် မျိုးနွယ်စု (၆) စု စလုံး၏ ဘာသာစကား များကို သီးခြားစီ ထည့်သွင်းထားခြင်း မရှိဘဲ၊ အများသုံးဖြစ်သည့် ရုံးသုံးဝေါဟာရ (ဘုံသုံး) တစ်မျိုးတည်းကိုသာ ထည့်သွင်းထားပါသည်။ ထို့ကြောင့် မျိုးနွယ်စု တစ်စုချင်းစီ၏ သီးခြားဝေါဟာရများကို မေးမြန်းသိရှိလိုပါက တအာင်းစာအဖွဲ့ (TLA) သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရုံးသုံးဝေါဟာရရွေးချယ်ရာတွင် အသုံးပြုသည့် မူ (၁၀) ချက် (မူဘောင် 10):
- 1) မျိုးနွယ်အများစု တူညီသော ဝေါဟာရကို ရှာဖွေအသုံးပြုခြင်း။
- 2) တအာင်းမိခင်ဘာသာစကား အစစ်အမှန်ကို ရှာဖွေအသုံးပြုခြင်း။
- 3) သက်သေခိုင်မာသော အခြေခံအဓိပ္ပာယ်ကို အသုံးပြုခြင်း။
- 4) မျိုးနွယ်စု တစ်ခုခုအတွက် မယဉ်ကျေးခြင်း၊ တလွဲဆိုးကျိုးသက်ရောက်စေမည့် ဝေါဟာရများ မဖြစ်စေခြင်း။
- 5) သတ်ပုံသတ်ညွှန်း သပ်ရပ်ရှင်းလင်းစေပြီး ဖတ်ရလွယ်ကူသော ဝေါဟာရဖြစ်ခြင်း။
- 6) စကားလုံးတွဲသုံးခြင်းဖြင့် အနက်အဓိပ္ပာယ် ပေါ်လွင်စေခြင်း။
- 7) တအာင်းမျိုးနွယ်စုဘာသာစကားများတွင် မရှိသေးပါက အသစ်တီထွင်အသုံးပြုခြင်း။
- 8) တီထွင်သုံးစွဲရန် ခက်ခဲသည့်ဝေါဟာရများကို မူရင်းဘာသာပါဠိ (သို့မဟုတ်) အင်္ဂလိပ် (သို့မဟုတ်) အခြားမူလဘာသာအတိုင်း အသုံးပြုခြင်း။
- 9) ပါဠိဝေါဟာရများကို ပါဠိအတိုင်းထားပြီး အနက်အဓိပ္ပာယ်ကို မိခင်ဘာသာစကားအတိုင်း ရေးသားရန်။
- 10) အစရှိသည် .... တို့ဖြစ်သည်။
၄။ ကျေးဇူးတင်လွှာ
ဤအဘိဓာန် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ အကြံပေးကြသော ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တတ်သိပညာရှင်များ နှင့်တကွ ကြိုးပမ်းအားထုတ် ပါဝင်ခဲ့ကြသော တအာင်းအဘိဓာန် အဘိဓာန်စီမံကိန်း အဖွဲ့သူ အဖွဲ့သားများ တို့ကို မိမိတို့တအာင်းစာအဖွဲ့မှ အထူးပင် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
ဤအဘိဓာန်(တအာင်းအဘိဓာန်) သည် ပထမအကြိမ်ထုတ်ဝေခြင်း ဖြစ်ပြီး အားနည်းချက်များ ရှိနိုင်ပါသည်။ အားနည်းချက်မှ အားသာချက်သို့ ဖြစ်စေရန် နှင့် ပိုမိုပြည့်စုံစေရန် အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။
၅။ အကြံပြုချက်နှင့် ဆက်သွယ်ရန်
ဤအပလီကေးရှင်းနှင့် ပတ်သက်၍ မေးမြန်းစရာများ ရှိပါကသော်လည်းကောင်း၊ ပိုမိုကောင်းမွန်အောင် အကြံပြုလိုပါကသော်လည်းကောင်း အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် -
ဆက်သွယ်ရန်အဖွဲ့-တအာင်းစာအဖွဲ့ (TLA)
ဖုန်းနံပါတ်-09 674 728 039 , 09 442 180 781
အီးမေးလ်-tsolyaem@gmail.com,taangliteratureassociation1972@gmail.com
လိပ်စာ / လူမှုကွန်ရက်စာမျက်နှာ - https://www.facebook.com/taangliteratureassociation
26-Jun-2026
တာဆိုရ်ယ်ုမ်
တအာင်းစာအဖွဲ့